Thursday, July 12, 2018

စီးပွားရေးဆိုင်ရာ ပြင်းထန်စွာပြောင်ဲးခင်းအတွက်ြုတင်ပြင်ဆင်ခြင်း

စီးပွားရေးဆိုင်ရာ ပြင်းထန်စွာ ပြောင်းလဲခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း - အပိုင်း ၁ (Myanmar Insider စီးပွားရေးပညာရှင်)
မြန်မာနိုင်ငံသမ္မတအပြောင်းအလဲအား မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့် ဗေဒင်နက္ခတ်ဆရာတစ်ဦးသည် ၂၀၁၇ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ အဖြစ်အပျက်များ ၂၀၁၉တွင်လည်း ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း ခန့်မှန်းထားပါသည်။ Myanmar Insider အနေဖြင့် တော်လှန်ရေးဖြစ်မဖြစ်တော့ မသိ၊၂၀၁၉တွင် စီးပွားရေးဆိုင်ရာ အဆိုးရွားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။
Myanmar Insider မှ ပြုလုပ်သော စီးပွားရေးဆိုင်ရာ ယုံကြည်မှုစစ်တမ်းများ၊ အစိုးရ၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်အား ခြောက်လတစ်ကြိမ် အကဲဖြတ်မှုနှင့် သွင်းကုန်/ထုတ်ကုန်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့၏ စာရင်းအင်းများ နှင့် အခြား ညွန်ကိန်းများအားလုံးသည် အကျဘက်သို့သာ ဦးတည်နေပါသည်။
ဘဏ်များတွင် အကြွေးဆုံးများပုံနေပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှာလည်း သိသိသာသာ တိုးတက်မှုမရှိ၊ နိုင်ငံခြားခရီးသည်ရောက်ရှိမှု လျော့နည်း၊ ကုမ္ပဏီကြီးများမှာလည်း ၄င်းတို့၏ ရင်းနှီးမြုပ်နှံမှုများအား ရွေ့ဆိုင်းထား၊ ဒေါ်လာဈေးမှာလည်း မကြားစဖူးဈေးအထိ မြင့်မားလျက်ရှိသည်။ နိုင်ငံခြားမှ "ကျွမ်းကျင်"ပညာရှင်များနှင့် ဖွဲ့စည်းထားသော အဖွဲ့သည်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးနင့် ၄င်း၏ အလားအလာကောင်းများကို မည်ကဲ့သို့စီမံခန့်ခွဲနေသည်မှာ မသေချာဘဲ၊ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) တိုးတက်မှုသည်လည်း နည်းပါးပြီး၊ အစိုးရ၏ လုပ်ဆောင်ချက်များသည် လေးလံထိုင်းမှိုင်းကာ ယုံကြည်မှုရရှိရန် ခက်ခဲနေပါသည်။ Ph.D ဘွဲ့အတုရရှိထားသော စီမံဘဏ္ဍာရေးဝန်ကြီး နှုတ်ထွက်သွားပြီး အသစ်ခန့်အပ်ထားသော သက်ကြီးရွယ်အိုဝန်ကြီးကို ကြည့်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုင်ပိုင်နိုင်နိုင် တာဝန်ယူရန် NLD အစိုးရတွင် အရည်အချင်းရှိသူများ မရှိကြောင်း ထင်ရှားနေပါသည်။
Singapore Temasak Holdings (Singapore government Investment Arm) သည် KBZ Bank အား ၀ယ်ယူရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယခုအချိန်တွင် ဘဏ်၏အကြွေးဆုံးနိုင်သော ချေးငွေများကြောင့် ရှေ့မဆက်နိုင်ဘဲ ရပ်တန့်သွားခဲ့သည်။ Bank ကိုလိုချင်သော်လည်း အကြွေးဆုံးများကို မလိုချင်ပါ။
အရင်က Telenor, Ooredoo, Carlsberg, Nestle စသော ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် NLD အစိုးရလက်ထက်တွင် နောက်ထပ် ထင်ရှားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မကြားရတော့ပါ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပို၍အရေးကြီးပါသည်။ စင်ကာပူနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသာ မရှိခဲ့လျှင် ယနေ့ကဲ့သို့ ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အစိုးရကလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဆွဲဆောင်ရန် ကြိုးပမ်းနေပြီဖြစ်သော်လည်း Ray Dalio ပြောထားသည့်အတိုင်း "အားထုတ်ကြိုးစားခြင်းသည် ကောင်းသည်၊ သို့သော် ရလဒ် ရရှိ/ထွက်ဖို့လည်း အရေးကြီးပါသည်။"
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်  အဓိကမဏ္ဍိုင်ဖြစ်နေသော ခရီးသွားလုပ်ငန်းများသည်လည်း နိုင်ငံခြားခရီးသည် ရောက်ရှိမှုပေါ်တွင် မူတည်နေကာ၊ ထိုညွှန်ကိန်းသည်လည်း ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျဆင်းခဲ့သည်။ အစိုးရ၏ ကြိုးစားအားထုတ်မှုသည် အပြောသာရှိ၍ လုပ်ဆောင်မှု၊ ရလဒ်မရှိပေ။
ကျွန်တော်သည် ကုမ္ပဏီကြီး နှစ်ခုမှ CEO တစ်ယောက်စီကို လေယာဉ်ပေါ်တွင်တစ်ယောက်နှင့် နေ့လည်စာစားချိန်တွင် နောက်တစ်ယောက် တွေ့ဆုံဆွေးနွေးခဲ့သည်။ တစ်ယောက်မှာ ရုံးခန်း၊ ဈေးဝယ်စင်တာ၊ အိမ်ခြံမြေအကောင်အထည်ဖော်သည့် နာမည်ကြီးလုပ်ငန်းမှ ဖြစ်ပြီး အခြားတစ်ယောက်မှာ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်သော လူတိုင်းသိကုမ္ပဏီတစ်ခုမှဖြစ်သည်။ နှစ်ဦးစလုံးမှာ ပြီးခဲ့သောနှစ်တွင် အောင်ဆန်းစုကြည်ဦးဆောင်သော ရခိုင်ပြည်နယ်ကယ်ဆယ်ရေးတွင် ထည့်ဝင်လှူဒါန်းထားသော မြန်မာပြည်မှ ဒိတ်ဒိတ်ကြဲသူဌေးများစာရင်း၌ ပါဝင်ပါသည်။ ၄င်းတို့၏ ကုမ္ပဏီများသည် နောက်ထပ်ရွေးကောက်ပွဲပြီး ၂၀၂၀ ခုနှစ်မတိုင်ခင်ထိ ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့ပါသည်။ ကျွန်တော်တို့မမြင်နိုင်သော စီးပွားရေးအခြေအနေ တစ်စုံတစ်ရာကို သူတို့မြင်နေသောကြောင့် ဖြစ်နိုင်ပါသည်။
ဘဏ္ဍာရေးလိုငွေဖြစ်ခြင်း၊ကုန်သွယ်မှုလိုငွေများ၊ငွေကြေးဖောင်းပွမှုများ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမရှိခြင်း တို့သည် ဒေါ်လာဈေးအား ၁၄၂၀ ကျပ်အထိ ဖြစ်သွားအောင် တွန်းအားပေးခဲ့သည်။ လာမည့်အနာဂတ်တွင် လျင်မြန်စွာ တန်ဖိုးတက်ကျခြင်းသည် ဈေးကစားခြင်းများကြောင့်လည်း ဖြစ်နိုင်သော်လည်း Myanmar Insider ၏ခန့်မှန်းချက်အရ လက်ရှိနှစ်မကုန်ခင် ဒေါ်လာဈေးမှာ ၁၄၅၀ ကျပ်နီးပါးအထိ ရောက်သွားနိုင်ပါသည်။ ၂၀၁၉ မကုန်ခင် ၁၅၀၀ ကျပ်ထက် ကျော်ကောင်းကျော်သွားနိုင်ပါသည်

No comments:

Post a Comment