#ရေနံ_အကြောင်း_သိကောင်းစရာ
လွန်ခဲ့သော နှစ်သန်းပေါင်း ၄၀၀ အထက်မှ စတင်ဖြစ်ပေါ်ခဲ့သော ရေနံသည် အဓိကကျသော သဘာဝ အရင်းအမြစ် တစ်ခု ဖြစ်သည်။
သမိုင်းမတင်မီ ခေတ်ကာလမှ ရေနေသတ္တ၀ါများ သေကြေပြီး၊ ရွံ့ညွန်များ အထက်ထက် ဖုံးလွှမ်းသွားသည်။
နောင်နှစ်သန်းပေါင်းများစွာ ကြာမြင့်လာသောအခါ မြင့်မားသော အပူချိန်၊ ဖိအားနှင့် ဘက်တီးရီးယားများ၏ ပြုပြင်ပြောင်းလဲမှု့များကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ အဖြစ် ပြောင်းလဲသွားသည်။
သက်ရှိရုပ်ကြွင်းများ ပြိုကွဲပြီး၊ ဖြစ်ပေါ်လာသော ဟိုက်ဒြိုကာဗွန်များသည် ရွံ့ညွန်များ၏ ဖိအားကြောင့် ရှေးလကျောက် ( Shale ) များအဖြစ် ပြောင်းလဲသွားသည်။
မြေလွှာလှုပ်ရှားမှု့များနှင့် ဖိအားကြောင့် Shale ကျောက်များသည် ပိုပြီးမာကျောလာပြီး၊ ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့များ ညှစ်ထုတ်သလို ဖြစ်ပြီး၊ အပေါ်သို့ ရွေ့လျားလာသည်။
တစ်ခါတစ်ရံ ကမ္ဘာမြေလွှာ အပေါ်ယံသို့ ရောက်ရှိသွားပြီး၊ အများစုသည် မစိမ့်ထွတ်နိုင်သော ကျောက်လွှာနှစ်ခုကြား ပိတ်မိကာ ရေနံနှင့် ဓာတ်ငွေ့သိုက်များ ဖြစ်ပေါ်လာသည်။
ရေနံသိုက်များတွင် ရေနံချည်း ရှိနေတတ်ခြင်းမဟုတ်ပဲ၊ ရေမြှပ်တွင် ရေစိမ့်ဝင်နေသကဲ့သို့ သဲကျောက်၊ ထုံးကျောက်စတဲ့ ကျောက်ပွများ အတွင်း ရှိနေတတ်ခြင်းဖြစ်သည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များ ရှာဖွေရန် ဂြိုလ်တုစလောင်းများမှ မြေပြင်အနေအထားနှင့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များ ရှာဖွေစုဆောင်းသည်။
မြေဆွဲအားနှင့် သံလိုက်စက်ကွင်း ပြောင်းလဲခြင်းမှ သဲလွန်စရရှိနိုင်သည်။
နောက်ဆုံး ငလျှင်တိုင်းတာရေး ( Seismic Survey ) ကဲ့သို့သော စမ်းသပ်မှု့များကို ကမ်းလွန်နှင့် ကုန်းမြေနှစ်ခုတွင် ပြုလုပ်သည်။
ပေါက်ကွဲမှု့အသေးစား ငလျှင်တုများနှင့် ကမ်းလွန်တွင် ဖိအားပေး လေသေနတ်များ အသုံးပြုခြင်းဖြင့် ပြန်လာမယ့် Shock wave များကို ချိန်ကိုက်ဖမ်းယူခြင်း ( tracking and timing ) ဖြင့်စမ်းသပ်ဧရိယာအတွင်း ကျောက်လွှာဖြစ်ပေါ်မှု့ သတင်းအချက်အလက်များ ရရှိသည်။
အလားအလာကောင်းသော နေရာများတွင် အစမ်းတွင်းတူးခြင်းမှ ဘူမိဗေဒဆိုင်ရာ အချက်အလက်များ ပိုမိုရရှိသည်။
ထွက်ရှိလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပမာဏကို ခန့်မှန်းပြီး၊ အလားအလာကောင်းပြီ ဆိုရင်တော့ တွင်းတူစင်များဆောက်ပြီး၊ ရေနံမြေ အဖြစ်သတ်မှတ်သည်။
ရေနံစိမ်းတွင် ဟိုက်ဒြိုကာဗွန် အမျိုးမျိုး ရောနှောနေသည်။
ရေနံချက်စက်ရုံများတွင် ဆူမှတ်မတူသော ဟိုက်ဒြိုကာဗွန်များကို အပိုင်းလိုက်ခွဲထုတ်သည်။ ဟိုက်ဒြိုကာဗွန် မော်လီကျူးများတွင် ပါဝင်သော ကာဗွန်အရေအတွတ်နှင့် ဆူမှတ်သည် အကြမ်းဖျင်း ဆက်စပ်သည်။
ဒီဇယ်အင်ဂျင်များသည် ဖိအားသုံး၍ မီးကူးစေသော အင်ဂျင်များဖြစ်ကာ မီးပွားမထွတ်ပဲ ဆက်တိုက်လောင်ကျွမ်းပြီး၊ ဓာတ်ဆီအင်ဂျင်ထက် ထိရောက်မိပိုသည်။
ကာဗွန်မိုနောက်ဆိုဒ် အထွက်နည်းပြီး၊ အပူချိန်မြင့်မားခြင်းကြောင့် နိုက်တြိုဂျင် အောက်ဆိုဒ် ပိုထွတ်သည်။
အဓိက ပြဿနာမှာ မီးခိုးနှင့် အနံပိုထွက်ခြင်းပင် ဖြစ်သည်။